• ဆိုက်ဘာ ကာကွယ်ရေး ပညာရှင်အဖြစ် ရပ်တည်နိုင်ရန် အထူးလေ့ကျင့်ရေးသင်တန်း (Boot Camp) နှင့် လုပ်ငန်းပညာသင်(Industry Apprenticeship) တွဲဖက်ထားသော

    Cybersecurity Talent Development Program

    ဆိုက်ဘာလုံခြုံရေး အရည်အချင်း ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၅-၁

  • ရည်ရွယ်ချက်

    ဆိုက်ဘာကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှုများနှင့် လုပ်ငန်းခွင် အတွေ့အကြုံများကို အစီအစဉ် တက်ရောက်သူများအား ပေးအပ်ရန်

    နှင့်

    လုပ်ငန်းများအတွက်၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများအတွက် လိုအပ်နေသော ဆိုက်ဘာကာကွယ်ရေး ပညာရှင်များ ပိုမို ပေါ်ထွက်လာစေရန်။

  • အစီစဉ် အကျဉ်းချုပ်

    အကြောင်းအရာ

    • အထူးလေ့ကျင့်ရေးသင်တန်း (Boot Camp) နှင့် လုပ်ငန်းပညာသင်(Industry Apprenticeship) တွဲဖက်ထားသော Cybersecurity Talent Development Program

    နေရာ

    • ဆိုက်ဘာဘေးကင်း ရုံးခန်း ၊ MICT Park ၊ လှိုင်မြို့နယ်၊ ရန်ကုန်။

    စတင်မည့် ရက်စွဲ

    • မတ်လ ၂၄ ရက်

    ကြာမြင့်ချိန်

    • စုစုပေါင်း ၃ လ
      • ၁ လ ကြာ အထူးလေ့ကျင့်သင်တန်း (Bootcamp)။
      • ၂ လ ကြာ လုပ်ငန်းပညာသင် (Industry Apprentice)။

    အဓိကအစိတ်အပိုင်းများ

    • သီအိုရီနှင့် လက်တွေ့များကို ကျွမ်းကျင်သူများ ထံမှ လေ့လာသင်ယူနိုင်ခြင်း။
    • မိတ်ဖက်အဖွဲ့အစည်းများတွင် လက်တွေ့အတွေ့အကြုံ ရယူခြင်း။
    • လမ်းညွှန်ပံ့ပိုးပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းညွှန်မှု။
    • ပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း။
    • တက်ရောက်နေစဉ်ကာလ အတွင်း အသင့်အတင့် ထောက်ပံ့ကြေး။

    ရလဒ်များ

    • သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် (အထူးလေ့ကျင့်သင်တန်း)။
    • လုပ်ငန်းအလုပ်သင် အသိအမှတ်ပြုလက်မှတ် (အလုပ်သင်ကာလ)။
    • ဆိုက်ဘာလုံခြုံရေး အသက်မွေးဝမ်းကျောင်းအတွက် မြှင့်တင်ထားသော ကျွမ်းကျင်မှုများနှင့် အလုပ်အဆင်သင့်ဖြစ်မှု။
  • အစီအစဉ် အဆင့်များ

    1

    အထူးလေ့ကျင့်ရေး သင်တန်း (Boot Camp)

    • ပါဝင်သူများသည် အထူးလေ့ကျင့်ရေးသင်တန်း (Bootcamp) တွင် ဆိုက်ဘာကာကွယ်ရေး အတွက် မရှိမဖြစ် လိုအပ်သော အဓိက သီအိုရီနှင့် လက်တွေ့များကို ကျွမ်းကျင်သူများနှင့် မန်တော (mentor) များထံမှတဆင့် တစ်လကြာ လေ့ကျင့်သင်ကြားနိုင်ပါမည်။

    ရလဒ်

    • သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိမည်။ Certificate of Completion - Cybersecurity Bootcamp.
    2

    စိစစ် ရွေးချယ််ခြင်း

    • မန်တော (mentor) များက အထူးလေ့ကျင့်ရေးသင်တန်း ပြီးမြောက်သူများ၏ စွမ်းရည်၊ ကျွမ်းကျင်မှု၊ ကြိုးစားမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကို အကဲဖြတ်ပါမည်။
    • မန်တော (mentor) များက သင့်လျော်သူများကို မိတ်ဖက် အဖွဲ့အစည်းများတွင် နှစ်လကြာ စက်မှုလုပ်ငန်း အလုပ်သင်အတွက် ရွေးချယ်ပါမည်။

    ရလဒ

    • မိတ်ဖက်အဖွဲ့အစည်းများ တွင် ၂ လကြာ အလုပ်သင်အခွင့်အလမ်း ရရှိနိုင်မည်။
    3

    လုပ်ငန်းပညာသင် (Industry Apprenticeship)

    • လုပ်ငန်းပညာသင်များသည် မိတ်ဖက် အဖွဲ့အစည်းများရှိ ကျွမ်းကျင်သူများ နှင့်အတူ ချမှတ်ပေးသောတာဝန်များ (assigned tasks) ကို ဆောင်ရွက်ရင်း လက်တွေ့လုပ်ငန်းအတွေ့အကြုံများကို ရယူနိုင်ပါမည်။
    • နှစ်လကြာ ကာလသည် လုပ်ငန်းပညာသင်များအတွက် professional network တည်ဆောက်ရန်နှင့် cybersecuritycareer ကို စတင်ရန်အခွင့်အလမ်းများပေးနိုင်ပါမည်။

    ရလဒ်

    • လုပ်ငန်းပညာသင် ပြီးဆုံးကြောင်းအသိအမှတ်ပြုလက်မှတ် ရရှိမည်။ Certificate of Completion - Industry Apprentice.
    • မိတ်ဖက် အဖွဲ့အစည်းများမှ အလုပ်ခန့်အပ်ရန် ကမ်းလှမ်းနိုင်မည်။
  • ပါဝင်သူများ ၏ လိုအပ်ချက်

    ကျွမ်းကျင်မှု အဆင့်

    • Computer Networking, Programming နှင့် System Administration တခုခု နားလည် တတ်ကျွမ်းမှု
    • ဥပမာ၊ လုပ်ငန်းခွင်အတွေ့အကြုံရှိသော IT ပညာရှင်များ၊ Computer Science လေ့လာသင်ယူနေသော တတိယနှစ်(သို့) နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ

    စက်ပိုင်းဆိုင်ရာ

    • Reliable Internet Access
    • Computer with a minimum of 8 GB of RAM and 40 GB of storage
    • Microsoft Windows 11 Operating System
    • Administrative Access to your computer

    အခြားလိုအပ်ချက်

    • တပါတ် ၅ ရက် အလုပ်ချိန်အတွင်း ရုံးသို့ လာနိုင်ရမည်။
    • အစီအစဉ် ပြီးဆုံးသည်အထိ ပါဝင်နိုင်မည်။
  • အချိန်ဇယား

    လျာထား

    1

    လျှောက်လွှာ ဖွင့်လှစ်ခြင်း

    ၂၀၂၅ ဖေဖော်ဝါရီလ ၂၃ ရက် မှ
    ၂၀၂၅ မတ်လ ၂ ရက် ထိ
    2

    ရွေးချယ်ခံရသူများအတွက် လူတွေ့ အင်တာဗျူး

    ၂၀၂၅ မတ်လ ၅ ရက် မှ
    ၂၀၂၅ မတ်လ ၇ ရက် ထိ
    3

    အစီအစဉ် တွင် ပါဝင်နိုင်ရန် ကမ်းလှမ်းခြင်း

    ၂၀၂၅ မတ်လ ၁၁ ရက်
    4

    အစီအစဉ် စတင်ခြင်း

    ၂၀၂၅ မတ်လ ၂၄ ရက်
    5

    အစီအစဉ် ပြီးဆုံးခြင်း

    ၂၀၂၅ ဇွန်လ ၂၄ ရက်
  • အစီစဉ် အထောက်အပံ့

    ထောက်ပံ့ကြေး

    • အစီအစဉ် ကာလအတွင်း ပါဝင်သူများအတွက် အစားအသောက်၊ ခရီးစရိတ် စသည့် အသုံးစရိတ်များ လျော့ပါးစေရန်အတွက် သင့်တင့်မျှတသော ထောက်ပံ့ကြေး ပေးအပ်ပါမည်။